ကျောက်ပန်းတောင်း၊ဇန်နဝါရီ-၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ PGMF(ပက်မြန်မာ)ရုံးမှ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီသို့ ကိုဗစ်-၁၉ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက်၊ ကျန်းမာရေးဆိုင်ရာ အ ထောက်အကူပြုပစ္စည်းများကို ဇန်နဝါရီ(၈)ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးတို့တွင် သွားရောက်လှူဒါန်းခဲ့ကြသည်။
ကျောက်ပန်းတောင်းမြို့ PGMF(ပက်မြန်မာ)ရုံးမှ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တန်ဘိုးငွေ(၇၈၀၀၀၀)ကျပ်ရှိ အောက်စီဂျင်စလင်ဒါအိုး(၆)လုံးကို မြို့နယ်ပြည်သူ့ဆေးရုံမှ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာသက်ဦးထံတွင်လည်းကောင်း၊ တန်ဘိုးငွေ(၁)သိန်းဘိုးရှိ တစ်ခါသုံးနှာခေါင်းစည်း (Mask) (၁၁၁) ဗူး ကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်ထံတွင်လည်ကောင်း၊ စုစုပေါင်း တန်ဘိုးငွေ (၈၈၀၀၀၀)ကျပ် တန်ဘိုးရှိ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့သည်။
PGMF (ပက်မြန်မာ) ကျောက်ပန်းတောင်းမြို့နယ်ရုံးအနေဖြင့် မြို့နယ်ကိုဗစ်-ထိန်း ချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ (၃.၄.၂၀၂၀)ရက်နေ့တွင် ပထမအကြိမ်အဖြစ် ငွေကျပ်(၃)သိန်းတန်ဘိုးရှိ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကိုလည်းကောင်း၊ (၂၄.၉.၂၀၂၀)ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ငွေကျပ်(၅)တန်ဘိုးရှိ ပစ္စည်းများကို လည်းကောင်း၊ (၁၃.၁၀.၂၀၂၀) ရက်နေ့တွင် တတိယအကြိမ်အဖြစ် ငွေကျပ်(၁၂၅၀၀၀၀)တန်ဘိုးရှိ အထောက်အကူပြု ပစ္စည်းများကိုလည်းကောင်းပေးအပ်လှူဒါန်းခဲ့ပြီး ယခုအကြိမ်သည် စတုတ္ထအကြိမ်မြောက် ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)