တီးတိန် ဇန်နဝါရီ ၈
ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ် - ၁၉ အတည်ပြုလူနာ (၉) ဦး ထပ်မံတိုးလာကြောင်း တီးတိန်မြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
၎င်းတို့မှာ တီးတိန်မြို့၊ လွယ်ဘွာလ်းရပ်ကွက်နေ အသက် (၆၁) နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက် (၄၀) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ တီးတိန်မြို့၊ စကောလမ်းရပ်ကွက်နေ အသက် (၁၆) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ တီးတိန်မြို့၊ မြို့မရပ်ကွက်နေ အသက် (၃၄) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် (၃၈) နှစ်အရွယ်အမျိုး သမီးတစ်ဦး၊ တွီးထန် ကျေးရွာတွင် နေထိုင်ကြသည့် အသက် (၃၀) နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် (၃၇) နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် (၄၀) နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် (၁၇) နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ကြသည်။
အဆိုပါပိုးတွေ့သူများကို ယနေ့တွင် ၎င်းတို့၏ swab နမူနာများကို ဓာတ်ခွဲစစ်ဆေးရာ၌ Positive ထွက်ရှိကြောင်း၊ ၎င်းတို့ကို တီးတိန်ပြည်သူ့ဆေးရုံ၌ ဆေးကုသမည်ဖြစ်ပြီး ယခု လတ်တလောအချိန်တွင် တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာ အဆိုပါ (၉) ဦးအပါအဝင် ပိုးတွေ့လူနာ (၂၇) ဦး ဆေးကုသမှုခံယူလျက် ရှိကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)