ပင်လောင်းမြို့နယ်တွင် စိုက်ပျိုးရေးနည်းပညာများနှင့် ပိုးသတ်ဆေးစနစ်တကျ ကိုင်တွယ်သုံးစွဲနည်း သင်တန်းပို့ချ

ပင်လောင်း   ဇန်နဝါရီ   ၈           

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးတောင်သူများအား စိုက်ပျိုးရေးနည်းပညာများနှင့် ပိုးသတ်ဆေးစနစ်တကျ ကိုင်တွယ်သုံးစွဲနည်း သင်တန်းကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေးဦးစီးဌာနခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်နိုင်က ကြီးကြပ်၍  လက်ထောက်ဦးစီးမှူး ဒေါ်စိုးမြတ်သူဇာက ဝဥစိုက်ပျိုး ထုတ်လုပ်ရေးနည်းစနစ်များ၊ လက်ထောက်ဦးစီးမှူး ဒေါ်ဆွေဆွေမာက မျိုးစပါးဆားရည်စိမ်နည်း လက်တွေ့သရုပ်ပြသခြင်း၊ ဒေါ်အေးမိစံက ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ်သုံးစွဲနည်းများ၊ စိုက်ခင်းများ၌ ပိုးသတ်ဆေးများ ဖျန်းနေစဉ် အချိန်နှင့် ပိုးသတ်ဆေးဖျန်းပြီး အချိန်တွင် ဆောင်ရန်၊ ရှောင်ရန်များကို သင်ကြားပို့ချပေးပြီး၊ အဆိုပါ သင်တန်းသို့  ကျေးရွာအုပ်စု ငါးအုပ်စုမှ စိုက်ပျိုးရေးတောင်သူ (၂၄)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခွန်အာကာစိုး