ကန်ကြီးထောင့် ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ၊ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများအား ချပြရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့တွင် ပြည့်စုံရမည့် အရည်အချင်းများ၊ ဥပဒေ၊ နည်းဥပဒေဆိုင်ရာများ၊ ရွေးချယ်ခြင်းလုပ်ငန်းဆိုင်ရာများ၊ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များ စသည်များကို ချပြရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေရေး အတွက် အဖွဲ့များခွဲ၍ ဇန်နဝါရီ ၉ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်းအုပ်စု ၈၀ မှ ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် ရပ်မိ၊ ရပ်ဖများ တက်ရောက်သွားမည် ဖြစ် ကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)