မိုင်းရှူးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ် ကင်းဝေးစေရေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မိုင်းရှူး    ဇန်နဝါရီ    ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ မီးသတ်ဦးစီးဌာနမှ မိုင်းရှူးမြို့နယ်အတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က စက်သုံးဆီ အရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကင်းဝေးစေရေး စစ်ဆေး​အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း ​သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးမှူး ဦးဝင်းဇင်ဖြိုး ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မြို့နယ် အတွင်းမီးဘေးအန္တရာယ်များ မဖြစ်ပွား၊ မပေါ်ပေါက်စေရေး မီးသတိမူရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များ၊ စက်သုံးဆီတင် ယာဉ်များ မီးလောင်မှု မဖြစ်ပွားစေရေး စစ်ဆေးအကြံပြုခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)