ကျွန်းစုမြို့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျွန်းစု ဇန်နဝါရီ ၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ က ဆွေးနွေး အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေး က အမှာစကားပြောကြားခဲ့သည်။ ထိုနောက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်စီမံကိန်း ဦးစီးမှူး ဦးစိုးနိုင်က ဒေသန္တရစီမံကိန်းများကို စနစ်တကျ စိစစ်သုံးသပ်ရန်၊ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုသည့် ဒေသအလိုက် ဦးစားပေးစီမံကိန်းများနှင့် ဆောင်ရွက်ရမည့် ဆီလျှော်သည့် လုပ်ငန်းများအတွက် အစီအမံထည့်သွင်းရန်၊ စသည် လုပ်ငန်းတာဝန်များအား ဆွေးနွေးပြောကြားခဲ့ပြီး သက်ဆိုင်ရာ ဌာနများက မိမိတို့၏ စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)