သရက်ချောင်းမြို့နယ် ဆောင်းသီးနှံစိုက်ခင်းများ ပိုးမွှားကျရောက်မှု နည်းပါးစေရန်နှင့် သီးနှံအထွက်တိုးစေရေးအတွက်ဆွေးနွေး

သရက်ချောင်း ဇန်နဝါရီ ၈

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာတွင် တိုင်းမြေအသုံးချရေး တာဝန်ခံ ဦးဆောင်သည့် စိုက်ပျိုးရေးပညာရှင် ဝန်ထမ်းများသည် ယမန်နေ့ညနေပိုင်းက တောင်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို စော်ဖျားကျေးရွာ ဆောင်းသီးနှံစိုက်ခင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် တိုင်းမြေအသုံးချရေးတာဝန်ခံ ဒေါ်လှလှဝင်းနှင့် စိုက်ပညာရှင်ဝန်ထမ်းများက ဆောင်းသီးနှံ (နှမ်း၊ မြေပဲ၊ ဖူးစားပြောင်း) စိုက်ခင်းအတွင်း ပိုးမွှားကာကွယ်နှိမ်နှင်းရေး ပညာပေးဆွေးနွေးခြင်း၊ တောင်သူများအား ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျော ညီထွေသည့် သီးနှံပုံစံစိုက်ပျိုးနည်းစနစ်များနှင့် သီးနှံအထွက်တိုးစေရေးအတွက် လိုအပ်သော နည်းပညာများအား တွေ့ဆုံဆွေးနွေး မှာကြားခဲ့ သည်။ ကွင်းဆင်းဆောင်ရွက်ရာသို့ တိုင်းမြေ အသုံးချရေးတာဝန်ခံ ဒေါ်လှလှဝင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးဇော်မင်းနှင့် စိုက်ပျိုးရေး ပညာရှင်ဝန်ထမ်းများ၊ ဆောင်းသီးနှံစိုက် တောင်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မျိုးချစ်ဦး(ပြန်/ဆက်)