တောင်ကြီးမြို့ပေါ်ရှိ ရွှေဇာမဏီရွှေဆိုင်တွင် လုယက်ခံရမှုဖြစ်ပွား

တောင်ကြီး ဇန်နဝါရီ ၈

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်ရှိ ရွှေဇာမဏီရွှေဆိုင်တွင် ယနေ့ မွန်းလွဲ (၁၂)နာရီ ၄၅ မိနစ်အချိန်ခန့်က  လုယက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ ကန့်ရှေ့ရပ်ကွက်၊ ကုန်သည်လမ်းရှိ ရွှေဇာမဏီရွှေဆိုင်သို့ အသက် ၃၅ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးမှ ဝင်ရောက် လုယက်ခဲ့ခြင်းဖြစ်ကြောင်း၊  အလေးချိန် ၂ ကျပ်သားခန့်ရှိ ရွှေလက်စွပ်တစ်ကွင်းပါသွားကြောင်းနှင့် လုယက်ထွက်ပြေးသွားသူအား ဖမ်းဆီး ရမိရေး  တောင်ကြီးမြို့မရဲစခန်းမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)