နိုင်ငံတော်အစိုးရမှ ပေးအပ်သည့် အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးဘိုး/ဘွားများအတွက် လူမှုရေး ပင်စင် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်

မန္တလေး ဇန်နဝါရီ

မန္တလေးမြို့ရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည် မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်များအတွက် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လအတွက် နိုင်ငံတော်အစိုးရမှ ပေးအပ်သည့် အသက် ၈၅နှစ်နှင့် အထက် သက်ကြီးဘိုး/ဘွားများအတွက်  လူမှုရေးပင်စင်ထောက်ပံ့ငွေများအား လွှဲပြောင်းပေးအပ်ခြင်းကို မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးများသို့ မန်နေ့ နံနက်ပိုင်းက သွားရောက်ကာ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရ သည်။

ထို့သို့  လူမှုရေးပင်စင်ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ရာတွင် မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးနေအောင်ကျော်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ မြို့နယ်များအလိုက် လွှဲပြောင်း ပေးအပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ လက်ခံရယူပြီး သက်ဆိုင်ရာ ရပ်ကွက်များအလိုက် တာဝန်ရှိသူများက အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်သည်။

အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ငွေများအား လွှဲပြောင်းပေးအပ်ရာတွင် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား (၉၅၁) ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ တစ်ဦးလျှင် ၃၀၀၀ဝ ကျပ်နှုန်းဖြင့် ၂၈၅၃၀၀၀၀ ကျပ်နှင့် အသက် ၁၀၀ နှစ်နှင့် အထက် ဘိုးဘွား (၁၀) ဦးအတွက် ကိုဗစ်ကာလ ထပ်ဆောင်းထောက်ပံ့ငွေ တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် ၃၀၀၀၀၀ ကျပ်အား လည်းကောင်း၊ အောင်မြေသာစံမြို့နယ်ရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား (၁၁၈၀) ဦး အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ ၃၅၄၀၀၀၀၀ ကျပ်နှင့် အသက် ၁၀၀ နှစ်နှင့်အထက် ဘိုးဘွား (၂၂) ဦး အတွက် ကိုဗစ်ကာလ ထပ်ဆောင်းထောက်ပံ့ ငွေ ၆၆၀၀၀၀ ကျပ်တို့အား လည်းကောင်း၊ မဟာအောင်မြေမြို့နယ်ရှိ အသက် ၈၅နှစ်နှင့် အထက် ဘိုးဘွား (၉၀၇) ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ ၂၇၂၁၀၀၀၀ ကျပ်နှင့် အသက် ၁၀၀ နှစ်နှင့် အထက် ဘိုးဘွား (၁၁)ဦး အတွက် ကိုဗစ်ကာလ ထပ်ဆောင်းထောက်ပံ့ငွေ ၃၃၀၀၀၀ ကျပ် တို့အား လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား (၈၆၅) ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ ၂၅၉၅၀၀၀၀ ကျပ်နှင့် အသက် ၁၀၀ နှစ်နှင့်အထက် ဘိုးဘွား () ဦးအတွက် ကိုဗစ်ကာလ ထပ်ဆောင်းထောက်ပံ့ငွေ ၂၁၀၀၀၀ ကျပ်တို့အားလည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အသက် ၈၅နှစ်နှင့် အထက် ဘိုးဘွား (၅၆၀) ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ ၁၆၈၀၀၀၀၀ ကျပ်နှင့် အသက် ၁၀၀နှစ် နှင့်အထက် ဘိုးဘွား () ဦး အတွက် ကိုဗစ်ကာလ ထပ်ဆောင်း ထောက်ပံ့ငွေ ၁၈၀၀၀၀ ကျပ်တို့အား မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက  သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ သွားရောက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပြီး တိုင်းဒေသကြီး အတွင်းရှိ ကျန်ရှိသော မြို့နယ်များအတွက် သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲများမှတစ်ဆင့် လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)