ဖရူဆိုမြို့၌ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မီးဘေးအသိပညာပေး လိုက်လံနှိုးဆော်

ဖရူဆို ဇန်နဝါရီ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ရပ်ကွက်နေ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးဘေးအသိပညာပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူ များအနေဖြင့် ပွင့်လင်းရာသီတွင် ဖြစ်ပေါ်တတ်သော မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံ စိတ်ချမှုရှိစေရေးအတွက် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များအား မီးအသုံးပြုခြင်း မပြုကြရန်၊ လျှပ်စစ်မီးသုံးစွဲ ရာတွင် မီးဘေးအန္တရာယ် မဖြစ်အောင် စနစ်တကျ ကိုင်တွယ်အသုံးပြုရန်၊ မီးသတ်ဆေးဘူးများ ဆောင်ထားကြရန် နှင့် မီးဘေးနှင့်ပတ်သက်သည့် ဆောင်ရန် ရှောင်ရာများ စသည့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးခြင်းကို လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)