သာပေါင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား(၈၀၂)ဦးတို့ကို လူမှုရေးပင်စင်‌ငွေနှင့် ထပ်ဆောင်းထောက်ပံ့ငွေများပေးအပ်

သာပေါင်း ဇန်နဝါရီ

သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား(၈၀၂)ဦးတို့ထဲမှ အသက်(၁၀၀) နှစ်နှင့်အထက် ဘိုးဘွား(၁၅)ဦးတို့အား လူမှုရေးပင်စင်ငွေနှင့် ထပ်ဆောင်းထောက်ပံ့ငွေများကို မြို့နယ် လူမှု ဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ယဉ်ယဉ်မြင့်နှင့် ဝန်ထမ်းများက ယမန်နေ့က ကျေးရွာများသို့ သွားရောက်၍ လက်ဝယ်သို့ ပေးအပ်ထောက်ပံ့ခဲ့ကြသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်(အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလ)သုံးလစာ လူမှုရေး ပင်စင် တစ်ဦးလျှင် ၃၀၀၀၀ နှုန်းဖြင့် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၈၀၂)ဦးတို့အတွက် ငွေကျပ် ၂၄၀၆၀၀၀၀ ၎င်းတို့ အထဲမှ အသက်(၁၀၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၅)ဦးတို့အတွက် ကိုဗစ်ကာလ ထပ်ဆောင်း ထောက်ပံ့ငွေ တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် ငွေကျပ် သိန်း ၅ သောင်း ကျပ်၊ စုစုပေါင်း ငွေကျပ် ၂၄၅၁၀၀၀၀ တို့ကို သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ဇန်နဝါရီလ ရက်နေ့က လွှဲပြောင်းပေးအပ်ခဲ့ ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)