မိုင်းယောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာအတွင်း ရွေ့လျားစနစ်ဖြင့် ဈေးရောင်းသူများ မိသားစုဝင်ငွေအဆင်ပြေ

မိုင်းယောင်း ဇန်နဝါရီ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်မိုင်းယောင်းမြို့နယ်တွင် ရွေ့လျားဈေးသည်များ ကျေးရွာအရောက် လှည့်လည်ရောင်းချခြင်းများကြောင့် နေ့စဉ်အပို ဝင်ငွေရရှိအဆင်ပြေလျက်ရှိကြောင်း သိရ သည်။

ကျွန်တော်တို့က မနက်စောစောထပြီး ဈေးမှာရောင်းချနေတဲ့ ဈေးသည်မှတစ်ဆင့် စားဖိုဆောင် ဟင်းသီး ဟင်းရွက်များဖြစ်တဲ့ မုန်ညှင်း၊ နံနံ၊ ဆလပ်ရွက်နှင့် အခြားသီးနှံများ၊ အသား၊ ငါးများနှင့် အသင့်စား သရေစာများဖြစ်တဲ့ ခေါက်ဆွဲကြော်၊ ကောက်ညှင်းပေါင်း၊ ဝယ်ယူပြီး ဆိုင်ကယ်နဲ့ရွာတွေ ကို လိုက်ရောင်းနေတာပါ၊ ယခုကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်းမှာ ပိုမို ရောင်းချရပါတယ်၊ နေ့စဉ်ဝင်ငွေရနေလို့ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိပါတယ်” ဟု ရွေ့လျားဈေးသည်တစ်ဦးက ပြောသည်။

မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စည်းကမ်းချက်များအရ စားသောက်ဆိုင်များ၊ ခေါက်ဆွဲဆိုင်များနှင့် စားသောက်ဖွယ်ရာများ ရောင်းချသည့် ဈေးဆိုင် များကို ပါဆယ်စနစ်ဖြင့်သာ ခွင့်ပြုထားပြီး မလိုအပ်သည့်အခါ အပြင်မထွက်ရန် အပြင်ထွက်ပါက နှာခေါင်းစည်းတပ်ရန် တိုက်တွန်းနှိုးဆော်လျက်ရှိရာ ပြည်သူများအနေဖြင့် အဆိုပါရွေ့လျား ဈေးသည်များထံမှ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် အသား၊ ငါးများကို အိမ်အရောက် ဝယ်ယူနိုင်သဖြင့် ရွေ့လျားဈေးသည်များနှင့် ဝယ်ယူ စားသုံးသူအကြား အဆင်ပြေလျက်ရှိကြောင်း သိရသည်။

နန်းစီဖေါင်း