ကျောင်းကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး စည်းကမ်းတင်းကြပ်သွားမည်

ကျောင်းကုန်း ဇန်နဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အေးချမ်း သာယာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် စည်းကမ်းတင်းကြပ် သွားမည်ဖြစ်ကြောင်း သိရသည်။ 

ကျောင်းကုန်းမြို့အဝင် စစ်ဆေးရေးဂိတ်နှင့် တံတားအောက် စစ်ဆေးရေးဂိတ်()ဂိတ်ရှိ လုံခြုံရေး များအား တစ်ရက်လျှင် ငွေကျပ်()သောင်းကျော် ထောက်ပံ့ပေးနေကြောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ စည်းကမ်းလိုက်နာမှု အားနည်းကြောင်း၊ Stay at Home မြို့နယ်တွေကလာရင် Q ဝင်ရမည်ကို ထုတ်ပြန် ထားသော်လည်း မလိုက်နာသူများ ရှိကြောင်း၊ မြို့နယ်အတွင်း C B F Q (၂၅၈)ဦးရှိပြီး (၁၈၀)ဦးခန့် နေအိမ် ပြန်သွားကြပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ဋ္ဌ ဦးဇော်မျိုးဝင်းက ပြော သည်။ 

မော်တော်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား စစ်ဆေးရေးဂိတ်မှ ထုတ်ပေးသော လက်မှတ်ရှိသူကိုသာ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးနေတာဖြစ်ကြောင်း၊ မအူပင် အကျဉ်းထောင်က ပြန်လည်လွတ် မြောက်လာသူများအား ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ သွားရောက်ခေါ်ဆောင်ပြီး သူတို့နေရပ်သို့ ပြန်လည် လိုက်ပို့ရတာရှိကြောင်း၊ ရောဂါပိုးရှိသောသူမှ ပတ်ဝန်းကျင်ရှိသူများကို မကူးစက်အောင် ထိန်းသိမ်းမှုသည် အဓိကလုပ်ငန်းဖြစ်ကြောင်း မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအေးနိုင်က ပြောသည်။ 

ကျောင်းကုန်းမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ(၇၅)ဦးရှိပြီး ဆေးရုံတက်ဆဲလူနာ()ဦးရှိကာ ဆေးရုံဆင်း ခွင့်ရသူ (၆၈)ဦးနှင့် သေဆုံးသူ()ဦးရှိကြောင်း၊ ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းသိမ်းနိုင်ရန် စည်းကမ်းကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစည်းအဝေးဆုံးဖြတ်ချက်အရ သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)