ကျေးရွာများတွင် တိရစာ္ဆန်များ လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးခြင်း ကွင်းဆင်းဆောင်ရွက်

ကာလိ  ဇန်နဝါရီ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျေးရွာ များတွင် တိရစာ္ဆန်များ လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးခြင်းကို ကျေးရွာအရောက် သွားရောက်ထိုးနှံပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုတွင်  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကာလိမြို့တာဝန်ခံ ဦးစိုင်းမျိုးမြင့်ထွန်းနှင့် တာဝန်ရှိသူများတို့က ဟိုပန်အုပ်စု ကျေးရွာအတွင်းရှိ ကျေးရွာ(၁၄)ရွာ များ၌  ဒီဇင်ဘာလ (၂၅) ရက်နေ့မှ ဇန်နဝါရီလ(၈)ရက်နေ့အထိ ကျွဲ၊ နွား၊ ဝက်များတို့အား  တိရစာ္ဆန်လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခဲ့ရာ ကျွဲ(၂၆၀)ကောင်၊ နွား(၅၈)ကောင်၊ ဝက်(၂)ကောင်တို့ကို ကျေးရွာအရောက် သွားရောက် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြပြီး ကျန်ရှိနေ သည့် ကျေးရွာများမှ တိရစာ္ဆန်များအား ဆက်လက်သွားရောက် ထိုးနှံပေး သွားမည်ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကာလိမြို့တာဝန်ခံ ဦးစိုင်းမျိုးမြင့်ထွန်းထံမှ သိရသည်။

ဝင်းကျော်(ကာလိ၊ပြန်/ဆက်)