မလှိုင်မြို့နယ် ပညာရေး(ဂျီအီစီ) သမဝါယမအသင်း လီမိတက်၏ နှစ်ပတ်လည်အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲကျင်းပ

မလှိုင် ဇန်နဝါရီ  

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပညာရေး(ဂျီအီစီ) သမဝါယမအသင်းလီမိတက်၏  ၂ဝ၁၉ - ၂ဝ၂ဝ ဘဏ္ဍာနှစ်၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းဝေးနှင့် အမှုဆောင်သစ်ရွေးချယ် တင်မြှောက်ပွဲကို ယမန်နေ့က မြို့နယ်ပညာရေးမှူးရုံး အစည်းဝေးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သဘာပတအဖြစ် ဆရာကြီးဦးစောလွင်က ဆောင်ရွက်ပြီး အဖွင့် အမှာစကား ပြောကြားခဲ့သည်ယင်းနောက် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်ကိုက နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် လုပ်ငန်း အစီရင်ခံစာကို အလုပ်အမှုဆောင် အဖွဲ့ဝင် ဆရာဦးလှကြိုင်နှင့် စာရင်းစစ်ဆေးချက် အစီရင်ခံစာကို ဦးအောင်ကိုလတ်တို့က ဖတ်ကြားတင်သွင်းခဲ့သည်။ လုပ်ငန်း အစီရင်ခံစာများအပေါ် အသင်းသားများက အကြံပြုဆွေးနွေးရန်နှင့် ကန့်ကွက်ရန် မရှိသဖြင့် သဘာပတိက အတည်ပြုချက် ရယူကာ အစည်းအဝေး ပထမပိုင်း ကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် ဒုတိယပိုင်း ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အတွက် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်ကိုက သဘာပတိအဖြစ် ဆောင်ရွက် ပြီး အမှုဆောင်သစ်ကို အသင်းသားများ၏ အများဆန္ဒနှင့်အညီ ရွေးချယ်ပေးရန် ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသော အသင်းသားများက ဉက္ကဋ္ဌအဖြစ် ဒုမြို့နယ်ပညာရေးမှူး ဦးဇော်မင်းထွေး၊ ဒုတိယဉက္ကဋ္ဌအဖြစ် ဆရာဦးစိုးမြင့်သန်းအတွင်းရေးမှူးအဖြစ် ဆရာဦးလှကြိုင်နှင့် အလုပ်အမှုဆောင်ဖွဲ့() ဦးကို မဲစနစ်ဖြင့် ရေွးချယ်ခဲ့ကြ သည်။ အလားတူ မွန်းလွဲပိုင်းတွင် မလှိုင်မြို့နယ် ပညာရေးငွေစုငွေချေး သမဝါယမအသင်း၏ ၂ဝ၁၉ -၂ဝ၂ဝ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အတွက် အမှုဆောင် သစ် ရွေးချယ်ပွဲကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်

အောင်ဌေး(မလှိုင် )