ဇလွန် ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၀ - ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အရည်အသွေးပြည့်မီရေးကို စည်ပင်သာယာရေးကော်မတီ၊ အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။
အရည်အသွေးပြည့်မီရေး ကွင်းဆင်းစစ်ဆေးရာတွင် လမ်းမတော်မြောက်ရပ်ကွက် စံပယ်လမ်းတွင် ရွှေကျားမာန်ကုမ္ပဏီမှ (အရှည် ၄၀၀ x အကျယ် ၁ဝ ပေ x ထု၆လက်မ) ကို တင်ဒါအောင်မြင်ငွေ ကျပ်သိန်း (၆၂.၄၀) ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းများ ဆောင်ရွက်နေမှု၊ ဗျင်းညားရပ်ကွက် ဗျင်းညား လမ်းတွင် ရွှေကျားမာန်ကုမ္ပဏီမှ (အရှည် ၅၀၀ x အကျယ် ၁ဝ ပေ x ထု၆လက်မ)ကို တင်ဒါ အောင်မြင်ငွေကျပ်သိန်း (၈၃.၀၀)ဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား အရည်အသွေးပြည့်မီရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝေယံ- ဇလွန် (ပြန်/ဆက်)