တန့်ယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့၍ Quarantine ထားသည့် နေရာများအား ပိုးသတ်ဆေးဖျန်း

တန့်ယန်း  ဇန်နဝါရီ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အမှတ်()ရပ်ကွက်ရှိ Quarantine Centre ဇန်နဝါရီလ ရက် ညနေပိုင်းက Quarantine ထားရှိသူများအား တို့ပတ်ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ပြီး  မန္တလေးမြို့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ကျန်းမာရေးစစ်ဆေးချက်အရ ရှင်သာမဏေ တစ်ပါးနှင့် အမျိုးသမီးတစ်ဦးထံမှ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်းကြောင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်သည့် အနေဖြင့် ယနေ့ နံနက်ပိုင်းက မြို့နယ်အရန်မီးသတ်တပ်ရင်းမှ တပ်ခွဲမှူး မြင့်မောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ လူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သည့် ဝေဠုဝန်ဘကကျောင်း Quarantine Centre နှင့် အမှတ်()ရပ်ကွက် အုပ်စု()ရှိ Home Quarantine နေအိမ်အား ပိုးသတ်ဆေး ဖျန်းပေးခဲ့ကြောင်း သိရသည်။  

မင်းလွင်ဦး(ပြန်/ဆက်)