မတ္တရာမြို့ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်း(၄)ဦး၌ ရောဂါ ပိုးတွေ့ရှိ

မတ္တရာ   ဇန်နဝါရီ    

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ပြန့်ပွားမှု မရှိစေရေးအတွက် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Test Kitဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ယာဉ်မောင်းအမျိုးသား(၄)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်၁၉စစ်ဆေးရေးဂိတ်၌ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၇၆)ဦးအား စစ်ဆေး ခဲ့ရာ မန္တလေးမှ ဗန်းမော်သို့ သွားရောက်မည့် အမရပူရ မြို့နယ်မှ အသက်(၃၅)နှစ်ရှိ ယာဉ်မောင်း အမျိုးသား တစ်ဦး၊ မန္တလေးမှ မိုးမိတ်မြို့နယ်သို့ သွားရောက်မည့် ချမ်းမြသာစည်မြို့နယ်မှ အသက်(၂၂)နှစ်ရှိ ယာဉ်မောင်း အမျိုးသားတစ်ဦး၊ အမရပူရမြို့နယ်မှ အသက်(၃၂)နှစ်ရှိ ယာဉ်မောင်းအမျိုးသားတစ်ဦးနှင့် မတ္တရာမှ လားရှိုးသို့ သွားရောက်မည့် သွားရောက်မည့် အသက်(၃၀)နှစ်ရှိ ယာဉ်မောင်းအမျိုးသား တစ်ဦးတို့ တွင် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယာဉ်နောက်လိုက်နှစ်ဦးမှာ ရောဂါပိုးတွေ့ရှိခြင်း မရှိသဖြင့် အောင်မြေသုခ ကွာရန်တင်းစင်တာတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာ(၄)ဦးအား မတ္တရာပြည်သူ့ဆေးရုံ သီးခြားအဆောင် သီးသန့်အခန်းတွင် ထားရှိ၍ စောင့်ကြည့်ကု သပေးသွားမည်ဖြစ်သည်။ ယနေ့အချိန်တွင် မတ္တရာပြည်သူ့ဆေးရုံ၌ ကိုဗစ်၁၉ရောဂါ အတည်ပြုလူနာ ()ဦး တက်ရောက်ကုသမှု ခံယူလျက်ရှိကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)