တန့်ယန်း ဇန်နဝါရီ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် အမှတ်(၃)ရပ်ကွက်ရှိ Quarantine Centre ၌ ဇန်နဝါရီလ ၆ ရက် ညနေပိုင်းက Quarantine ထားရှိသူများအား တို့ဖတ်ဓါတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ပြီး မန္တလေးမြို့ ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ဓါတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ကျန်းမာရေးစစ်ဆေးချက်အရ ရှင်သာမဏေတစ်ပါးနှင့် အမျိုးသမီးတစ်ဦး ထံမှ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
ပိုးတွေ့ရှင်သာမဏေသည် ရန်ကုန်မြို့မှ လာရောက်ခြင်းဖြစ်ပြီး ရောက်ရောက်ခြင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ကုသရေးကော်မတီမှ တာဝန်ရှိသူများက သီးသန့် ကျောင်းဆောင် စောင်ကြည့်ရေးစခန်း၌ သီးသန့် Quarantine ထားရှိပြီး ပိုးတွေ့အမျိုးသမီးမှာ မန္တလေးမြို့မှ လာရောက်ခဲ့၍ ဇန်နဝါရီလ ၆ ရက် ညနေပိုင်းက နှာခေါင်းနှင့်အာခေါင်တို့မှ တို့ဖတ်ဓါတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည့်အတွက် မြို့နယ် ပြည်သူ့ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် ဆက်လက်၍ ဆေးကုသပေးမည်ဖြစ်ကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)