ကျောက်ဆည် ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေး၊ သဘာဝ ဘေးအန္တ ရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း လုပ်ငန်းများ ကို အစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈) နာရီက ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ ပစ္စည်းများ ဆုံးရှုံးမှု မရှိစေရေးနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့ပါက အချိန်နှင့် တစ်ပြေညီး ကူညီ ကယ်ဆယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးကျော်မျိုးထွန်း ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်များမှ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
ဇာတ်တိုက်လေ့ကျင့်ရာတွင် လက်နက်မဲ့ စစ်ရေးပြခြင်းလုပ်ငန်းများ၊ မီးသတ်ပညာရပ်များ၊ ရှာဖွေ ကယ်ဆယ် ခြင်းလုပ်ငန်းများ၊ ငလျင်ဘေးအန္တရာယ် ကယ်ဆယ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
ကျောက်ဆည် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး နေ့စဉ်ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဌာနဆိုင်ရာများ လူမှုရေးအသင်း အဖွဲ့များနှင့် ပူးပေါင်းကာ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)