၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပုဗ္ဗသီရိမြို့နယ်အတွင်း၌ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ငွေကြေးအဆိုပြုလွှာ စာအိတ် (B) များ ဖွင့်ဖောက်စစ်ဆေး

ပုဗ္ဗသီရိ  ဇန်နဝါရီ  ၁၀

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ငွေကြေးအဆိုပြုလွှာ စာအိတ် (B) များ ဖွင့်ဖောက် စစ်ဆေးခြင်းကို ဇန်နဝါရီ (၈) ရက်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ရှေးဦးစွာ မြို့နယ်တင်ဒါကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက အဖွင့် အမှာစကား ပြောကြားရာတွင် တင်ဒါ အောင်မြင်ရရှိသည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့်စံချိန်စံညွှန်းများပြည့်မီအောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက် အင်ဂျင်နီယာဦးညီညီဇော်က ငွေးကြေးအဆိုပြုလွှာများ၏ နည်းစနစ်များအား ရှင်းလင်းပြောကြား ပြီး  LOT တစ်ခုချင်းစီ၏ ငွေကြေးအဆိုပြုလွှာများအား တင်ဒါအဆိုပြုလွှာအမှတ်ပေးရေးအဖွဲ့မှ ဖွင့်ဖောက်စစ်ဆေးခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ၁၀ ခုအတွက် နည်းပညာအဆိုပြုလွှာ များကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၉ ရက်ကဖွင့်ဖောက်စစ်ဆေးခဲ့ပြီး နည်းပညာအောင်မြင့်သည့် ကုမ္ပဏီ များမှ တင်သွင်းထားသည့် ငွေကြေးအဆိုပြုလွှာများကို ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက် စစ်ဆေးခဲ့ ကြောင်းသိရသည်။

ကံချွန်(ပြန်/ဆက်)