ဟိုပုံး ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ် မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ ခွေးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်၍ မြို့နယ်စည်ပင် သာယာရေးဌာနရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ချစ်ချစ်ဝင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ သိန်းစိုးနှင့် ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးဌာန ဝန်ထမ်းနှင့် ပူးပေါင်း၍ ဟိုပုံးမြို့နယ်အတွင်းရှိ ပြည်သူများ ခွေးရူးရောဂါဖြစ်ပွားမှုမရှိစေရေး အတွက် အိမ်အတွင်းမွေးမြူထားသော ခွေး၊ ကြောင် (၅၃)ကောင်ကို ဇန်နဝါရီလ ၉ ရက်နေ့မှ ဇန်နဝါရီလ ၁၀ရက်နေ့အထိ နံနက်၉နာရီမှ ညနေ၄နာရီအထိ ခွေးရူးရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းနှင့် ခွေးရူးရောဂါကာကွယ်တားဆီးရေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးလျက်ရှိ ကြောင်းသိရသည်။
ဆက်လက်၍ ကျန်ရှိနေသေးသည့် ခွေး၊ ကြောင် တို့ကိုလည်း ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံ ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနသိရသည်။
ဟိုပုံးခရိုင် (ပြန်/ဆက်)