ပျဉ်းမနား ဇန်နဝါရီ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရှင် သန်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွတ်နိုင်ရန်အတွက် နေပြည်တော် စာကြည့် တိုက်များဖောင်ဒေး ရှင်အဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ တွင် ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်အေး နှင့် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်း (ကိုထွန်း-ကျယ်ဂေါင်) တို့က အဖွင့်အမှာစကား ပြောပြောကြားပြီး၊ ပြည်ထောင်စုနယ် မြေစာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြင့်ဦးက အရန် အလုပ်အမှုဆောင် ကော်မတီအဖွဲ့အား ဗဟိုသို့တင်ပြအတည်ပြုရေး၊ ခရိုင်တာဝန်ခံအဖွဲ့များ ဖွဲ့စည်း တာဝန်ပေးအပ်ခြင်းနှင့် ပြည်ထောင်စုနယ်မြေ စာကြည့် တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ဝင်များအတွက် တူညီဝတ်စုံ ဆောင်ရွက်နိုင်ရေး စသည့် ကိစ္စများကို ဆွေးနွေးတင်ပြသည်။
ထို့နောက် ပြည်ထောင်စုနယ်မြေအတွင်းရှိ ခရိုင်(၂)ခရိုင်အတွက် စာကြည့်တိုက်ဖောင်ဒေးရှင်း အသင်းဝင်များက နေပြည်တော်စာကြည့်တိုက် ဖောင်ဒေးရှင်းအဖွဲ့မှ ခရိုင်တာဝန်ခံအဖွဲ့ဝင် (၇) ဦးကို အကြံပြုရွေး ချယ်ပေးကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)