ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပိတ်ထား သည့် ကာလအတွင်း Online မှတဆင့် ဆက်သွယ်ဆင်စာဘူဖေးလှူဒါန်းကျွေးမှု (၁၅၅) ကြိမ် ကျော်ရှိလာ

ညောင်ဦး  ဇန်နဝါရီ  ၁၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အ‌နောက် ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ ဆင်စခန်း ပိတ်ထား စဉ် ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှဆင်ချစ်သူများက Online က ငွေလွှဲ၍ ဆင်စာဘူဖေး ကျွေးမှု များပြားနေကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကို (လက်ထောက် မန်နေဂျာ) ထံကသိရသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိ သည့် ပလင်းကမ်းသာယာဆင်စခန်းအား ကိုဗစ်-၁၉ ကူးစက်ရောဂါကြိုတင် ကာကွယ်သည့်အနေဖြင့် ၂၀၂၀ပြည့်နှစ် မတ်လ ၂၅ရက်နေ့မှစတင်ကာခေတ္တယာယီပိတ်ထား ခဲ့ရာ မြန်မာပြည်အရပ်ရပ်ရှိ ဆင်ချစ်သူများက Online မှတဆင့်ဆင်စာဘူဖေးကျွေးမွေးလှူ ဒါန်းလျှက်ရှိရာ ကိုဗစ်-၁၉ ကူးစက် ရောဂါကြောင့် ဆင်စခန်းပိတ်ထားသည့်ကာလအတွင်း ဆငစာ်ဘူဖေးကျွေးသူများ ပြားလာကာ (၁၅၅) ကြိမ်ကျော်ထိ ဆင်စာဘူဖေးကျွးမှုများပြား လာပြီး နောက်ထပ်ကျွေးမွေးဖို့ Online မှလည်းကြိုတင်ချိ တ်ဆက်မှုများလည်း ရှိနေသေး ကြောင်း ဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကိုထံက သိရသည်။

မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆင်စခန်း(၂၂)ခုထိဖွင့်လှစ်ထားရှိ ထားပြီး ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းလိုပါက ဆင်စခန်းအမည်များနှင့်Page များတွင် ဆက်သွယ် လှူဒါန်းနိုင် ကြောင်း၊ ဆင်စာအဖြစ် ကြံ၊ နေပီယာမြက်၊ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲ သီး၊ သခွားသီး၊ သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးများကိုအဓိကကျွေးကြကာ ရာသီပေါ်သီနှံများ အား ကျွေးမွေးကြကာ ဆင်စာဘူဖေး တစ်ခါကျွေးလျှင် သုံးသောင်းကျပ်မှငါးသောင်းကျပ်၊ တစ်သိန်းကျပ် သတ်မှတ်ထားသော်လည်း တစ်ရက် ဆင်စာဘူဖေးကျွေးမွေးရန် နံနက် တစ်သိန်းကျပ်၊ ညနေတစ်သိန်း ကျပ်ဖိုး ဆင်စာဘူဖေး ကျွေးနိုင်ကြောင်းလည်း သိရသည်။ ဆင်စာဘူဖေးကျွေးလှူဒါန်း ခြင်းအား ဆင်စခန်း  Page ကနေ  Oline ဆက်သွယ်လှူဒါန်းနိုင် သလို ဆင်စာဘူဖေးကိုယ်တိုင်ကိုယ်ကျလာရောက်ကျွေးမွေးလိုပါကလည်း ဆင်စခန်းသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊လမ်းညွှန်ချက်နှင့်အညီ ဆင်စာဘူဖေးအလှူရှင် ကိုယ်တိုင် လာရောက်ကျွေးနိုင်ကြောင်း သိရသည်။

ပလင်းကမ်းသာယာဆင်စခန်း ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပိတ်ထားစဉ်ကာလ အတွင်း ဖုံးဖြင့်ဖြစ်စေ၊ ဆင်စခန်းPage များမှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပလင်း ကမ်းသာယာဆင်း စခန်း တာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကို ဖုံး(၇၉၃၈၂၀၅၃၂) သို့ဆက်သွယ် လှူဒါန်းနိုင်ကြောင်းသိရကာ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ဆင်စာ ဘူဖေးကျွးမှု (၁၅၅) ကြိမ်ကျော်ခဲ့ပြီဖြစ်ကြောင်း မြို့အခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုအတွက် ဖွင့်လှစ်သည့်ဆင်စခန်းများ ကိုဗစ်-၁၉ကာလ ဆင်စာခက်ခဲလျှက်ရှိကာ တောတောင်၊ရေမြေ သဘာဝအခြေခံဖွင့်လှစ်ထားသည့် ဆင်စခန်းများရှိဆင်များအတွက် အစာရေစာမခက်ခဲ ကြောင်းသိရသည်။

ကိုထိန်၊KPD