တနင်္သာရီ၌ ဘက်စုံသုံးဘေး (Cyclone Shelter) အဆောက်အဦ အရေးပေါ် ခိုလုံရန် ရာနှုန်းပြည့် ဆောက်လုပ် ပြီးစီး

တနင်္သာရီ ဇန်နဝါရီ ၁၀

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း နှစ်စဉ်မြစ်ရေကြီးမှု ဖြစ်စဉ်များ ဖြစ်ပွား လျက်ရှိ သဖြင့် ရေဘေးသင့်ပြည်သူများ အပါအဝင် သဘာဝဘေးသင့်ပြည်သူများ အရေးပေါ်ဘေးဒဏ် ခိုလုံရန် အဆောက်အဦ (Multipurpose Cyclone Shelter) တစ်လုံးအား ကျောက်တစ်လုံးကျေးရွာ အုပ်စု၊ မြေမအုံရွာတွင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း ယမန်နေ့က သိရှိရသည်။

၎င်း (Cyclone Shelter)အား၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်၊ အမျိုးသားသဘာဝ‌ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေ ကျပ်သန်းပေါင်း ( ၁၄၈ ဒဿမ ၆၉၀၂) ဖြင့် မြတ်တော်ဝင်ပုလဲကုမ္ပဏီက

(၂၈-၁၀-၂၀၂၀) ရက်မှစ၍ တာဝန်ယူဆောက်လုပ်ခဲ့သော (၆၀ x၆၀ x၂၄)ပေ (၃၆၀၀)စတုရန်းပေရှိ (သံကူကွန် ကရစ်တစ်ထပ်)အဆောက်အဦအမျိုးအစားဖြစ်သည်။

တနင်္သာရီမြို့နယ်၊မြေမအုံကျေးရွာမှာ အဆိုပါအရေးပေါ်ခိုလုံရန် ဘက်စုံသုံး အဆောက်အဦ (Cyclone Shelter) ပြီးစီးနေပြီဖြစ်သဖြင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ

၏ လမ်းညွှန်မှုဖြင့် သဘာဝဘေးအန္တရာယ် သင့်ပြည်သူများအား အရေးပေါ်ခိုလုံနိုင်ရေးအတွက် စီစဉ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဆန်းထံမှ သိရှိ ရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)