ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာစေတီတော်ရှိရာ (ရွှေမိုးတောင်) တွင် ဆွမ်းစား ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်း

မြစ်ကြီးနား ဇန်နဝါရီ ၁၀

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝိုင်းမော်မြို့နယ်၊ ရဟန္တာတစ်ထောင်ရှင်ပင် မြတ်စွာစေတီတော် တည်ထား ကိုးကွယ်ရာ ရွှေမိုးတောင်ပေါ်တွင် ဆွမ်းစားကျောင်းဆောင်သစ်ကို ဆောက်လုပ်လှူဒါန်းခဲ့ရာ ယနေ့ နံနက် (၉)နာရီ ခွဲတွင် အဆိုပါ ကျောင်းဆောင်သစ်ကို ရေစက်ချလွှဲပြောင်းပေးအပ် လှူဒါန်းခဲ့ကြသည်။

ဆောက်လုပ်ပြီးစီးသည့် ဆွမ်းစားကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ရာတွင် ဝန်းသိုကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာတော်၊ သံဃာတော်များထံမှ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများက ငါးပါသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများနှင့် အလှူငွေတို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့မှ ဆောက်လုပ်လှူဒါန်းခဲ့သည့် ငွေကျပ်သိန်း (၁၃၀၀) တန်ဖိုးရှိ အဆိုပါ ဆွမ်းစားကျောင်းဆောင်သစ်ကို ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဦးနေဝင်းက ပြည်နယ် သာသနာရေးထံ လွှဲပြောင်းပေးအပ်ခဲ့ကြပြီး လှူဒါန်းမှုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ဆရာတော်၊ သံဃာတော် များအား နေဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ပြည်နယ် (ပြန်/ဆက်)