ပြည်ကြီးတံခွန်မြို့နယ်အတွင်း အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ များအား အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်

မန္တလေး ဇန်နဝါရီ ၁၁

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအတွက်  လူမှုရေးပင်စင် ထောက်ပံ့ငွေများအား အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခြင်းကို နံနက်ပိုင်းက  မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေး မှူးများက၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) အတွက် နိုင်ငံတော်အစိုးရမှ ပေးအပ်သည့်အသက် ၈၅နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအတွက်  လူမှုရေးပင်စင် ထောက်ပံ့ငွေများအား တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းနှင့် အသက်(၁၀၀)နှင့်အထက် သက်ကြီးဘိုး/ဘွား (၁၀)ဦးအတွက် ကိုဗစ်ကာလ ထပ်ဆောင်းထောက်ပံ့ငွေ တစ်ဦးလျှင်ငွေကျပ်သုံးသောင်းအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ငွေများအား လွှဲပြောင်းပေးအပ်ရာတွင် ပြည်ကြီးတံခွန် မြို့နယ်ရှိ အသက် ၈၅နှစ်နှင့် အထက် သက်ကြီးဘိုး/ဘွား (၅၆၀) ဦးအတွက် တစ်ဦးလျှင်ငွေကျပ်သုံးသောင်းနှုန်းဖြင့် လူမှုရေးပင်စင်ထောက်ပံ့ငွေ ၁၆၈၀၀၀၀၀ ကျပ်နှင့် အသက် ၁၀၀နှစ် နှင့်အထက် ဘိုးဘွား (၆) ဦး အတွက် ကိုဗစ်ကာလ ထပ်ဆောင်း ထောက်ပံ့ငွေ ၁၈၀၀၀၀ ကျပ် တို့အား သက်ဆိုင်ရာရပ်ကွက်များအလိုက် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)