မြောင်းမြမြို့ ဘုရားချောင်းတံတားသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မြောင်းမြ ဇန်နဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီးမြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြရတနာရပ်ကွက် ဘုရားချောင်းတံတား အသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို မြောင်းမြမြို့ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဇာနည်တင့်၊ အတွင်ရေးမှူး စည်ပင်အမှုဆောင် အရာရှိ ဦးညွှန့်ဝင်းနှင့် အလှူရှင် ဦးဝင်းဇင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

၎င်းနောက် စည်ပင်သာယာကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီး အလှူရှင် ဦးဝင်းဇင် မိသားစုမှ လက်ခံရယူခြင်း၊ ကမ္ဗည်းကျောက်စာအား အမွှေးနံ့သာရည် ပက်ဖြန်းခြင်းများ ဆောင်ရွက် ခဲ့ကြသည်။

အဆိုပါတံတားသည် အလျား(၈၅)ပေ၊ အကျယ်(၁၄)ပေရှိ သစ်သားကြမ်းခင်း၊ အာစီတိုင်တံတားဖြစ်ပြီး ယခုအခါ မြောင်းမြမြို့မှ အလှူရှင် ဦးဝင်းဇင်နှင့် ဒေါ်လှလှစန်း (သစ်လွင်မိသားစု) လှူဒါန်းမှုဖြင့် သံဘောင်အခင်း ခင်းခြင်း၊ လက်ရန်းများ တပ်ဆင်ခြင်းအား သံဘောင်ယက္ခထပ်မံဖြည့်သွင်းခြင်း၊ ချဉ်းကပ်လမ်း ကွန်ကရစ်ခင်း ခြင်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း တံတားပြုခြင်း ကာလကို ဒီဇင်ဘာလ(၁၈)ရက်နေ့မှ ဇန်နဝါရီလ(၂၀) ရက်နေ့အထိ သတ်မှတ်ထားသော်လည်း အလှူရှင်နှင့် လုပ်အားရှင်တို့ စေတနာကြောင့် သတ်မှတ်ရက်ထက်စောကာ ဖွင့်လှစ် ပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း စည်ပင်အမှုဆောင်အရာရှိ ဦးညွှန့်ဝင်း၏ ပြေားကြားချက်အရ သိရသည်

စန္ဒာကြည်(မြောင်းမြ)