ကွန်ဟိန်း ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းအား ယနေ့နံနက် ၉ နာရီအချိန်ခန့် က ကွန်ဟိန်း တံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် နေအိမ်မှ ပြင်ပသို့ထွက်ခွာသူများ၊ လမ်းသွားလမ်းလာပြည်သူများ၊ မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ် စီးနှင်းသူနှင့် လိုက်ပါသူများ Mask(နှာခေါင်းစည်း) မတပ်ဆင် လာပါက Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ မလိုအပ်ပဲနေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုရန်၊ မကြာခဏ လက်ဆေးရန် အသိပညာ ပေးခြင်း၊ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဆောင်ရွက်ခြင်းအား မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီ ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည့်စန္ဒီမြင့်(ပြန်/ဆက်)