ဘိုကလေး ဩဂုတ် ၅
သင်ကြားမှုအရည်အသွေး ပြည့်ဝသော ဆရာ/မများမှ အရည်အသွေးပြည့်ဝသည့် ကျောင်းသား/ ကျောင်းသူများ ပြုစုပျိုးထောင်နိုင်ရေးကို ရည်ရွယ်၍ Grade-4(သင်ရိုးသစ်) သင်တန်းအား မူလတန်းကျောင်းအုပ်များနှင့် မူလတန်းပြ ဆရာ/ဆရာမများကို ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဇွန်လ(၁၅)ရက်နေ့မှ ဇွန်လ(၂၁)ရက်နေ့အထိ သင်တန်းကာလ (၇)ရက်ဖြင့် ပညာရေးဌာနနည်းပြများမှ သင်တန်းပို့ချခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမတက်ဖြစ်ခဲ့သည့် ဆရာ/ဆရာမများအား Grade-4(သင်ရိုးသစ်) နောက်ဆက်တွဲ သင်တန်းပို့ချပေးသွားမည်ဖြစ်သည်။
ဇွန်လ(၁၅)ရက်နေ့တွင် ပို့ချခဲ့သည့် Grade-4(သင်ရိုးသစ်) သင်တန်းပို့ချချိန်တွင် ခရီးလွန်နေသူများ၊ ကျန်းမာရေး မကောင်းသူများ၊ မီးဖွားခွင့်ခံစားနေသူများရှိနေသည့်အပြင် အသစ်ခန့်ထားသည့် PPTT / DTED သင်တန်းဆင်း ဆရာ/ဆရာမများ သင်တန်းတက်ရောက်ရန် ကျန်ရှိနေသည့် အတွက် ယခုနောက်ဆက်တွဲ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းကို ဘိုကလေးမြို့နယ်၊ (၈)ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ဩဂုတ်(၆) ရက်နေ့မှ ဩဂုတ်(၁၂)ရက်နေ့ထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
မိုးစက်(ဘိုကလေး)