ဘိုကလေး ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဘိုကလေးမြို့နယ် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား (၃)လလျှင် တစ်ကြိမ် လူမှုရေးပင်စင် ထောက်ပံ့ပေး လျက်ရှိရာ ၂၀၂၀ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ(၃)လအတွက် လူမှုရေးပင်စင် (၃)သောင်းကျပ်အား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ယခုရက်ပိုင်းအတွင်း ထောက်ပံ့ပေးခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် တစ်မြို့နယ်လုံးရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၇၁၅)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ(၁)လလျှင် (၁)သောင်းကျပ်နှုန်းဖြင့် (၃)လစာ (၃)သောင်းကျပ်အား ယခု လဆန်းပိုင်းတွင် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တာဝန်ခံ၍ ဘိုးဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။
မိုးစက်(ဘိုကလေး)