ကျောင်းကုန်းမြို့နယ် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကျောင်းကုန်း  ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးအဖွဲ့များက  ယနေ့ နံနက် ၈ နာရီအချိန် မြို့နယ်သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင် ရွက်ခဲ့ကြသည်။

ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းရွှေ ဦးဆောင်သော အရာရှိအရာခံ အကြပ်တပ်သားများ၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးကျော်စွာလင်း နှင့်အဖွဲ့တို့က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ရှေ့လမ်းမကြီးနှင့် ဒါးကမြစ်ကမ်းဘေးရှိ ကိုင်းပင်၊ မြက်ပင်၊ ချုံနွယ်များအား မြို့နယ် သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)