ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဟားခါးမြို့၊ မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်

ဟားခါး         ဇန်နဝါရီ          ၁၁

ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်တွင် ဇန်နဝါရီ ၉ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သည့် မီးဘေးသင့်အိမ်ထောင်စုများအား ယမန်နေ့က  ချင်းပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌ ဦးရာလ်ခမ်းနှင့် တပ်ဖွဲ့ဝင်များက ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပစ္စည်းများတွင် မိသားစုအသုံးအဆောင်ပစ္စည်းများ(Family Kit) စုစုပေါင်း ထောက်ပံ့ပစ္စည်း အမျိုးအစား (၁၃)မျိုးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင် ပစ္စည်းများ (Hygiene Kit) စုစုပေါင်း ထောက်ပံ့ပစ္စည်း အမျိုးအစား(၂၀)မျိုးကို ထိခိုက်နစ်နာ သည့် အိမ်ထောင်စု(၃)စုအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့အနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန် ရည်ရွယ်၍ ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်နှင့် ဘေးဒုက္ခ ကျရောက်သူများအားကူညီရန် စသည့် လုပ်ငန်းစဉ် ()ရပ်နှင့်အညီ ပြည်သူများအား ကူညီထောက်ပံ့ခြင်းလုပ်ငန်းများကို  ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

အောင်ခွီရှိန်း၊ ခရိုင်(ပြန်/ဆက်)