ကန်ကြီးထောင့်မြို့နယ် ရဲတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်

ကန်ကြီးထောင့်  ဇန်နဝါရီ  ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ ယမန်နေ့ နံနက် ၈ နာရီက အမှတ် ၁ ရပ်ကွက်ရှိ စံဇေတဝန်ပရိယတ္တိစာသင်တိုက်၌ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး (ယာယီရဲမှူး) ထွန်းထွန်းနိုင်နှင့် မြို့မရဲစခန်းမှူး ဒုရဲမှူး လှမြင့်တို့ ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များမှ စံဇေတဝန်ပရိယတ္တိ စာသင်တိုက်ဝင်းအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင် ရှင်းလင်းခြင်းနှင့် အမှိုက်သရိုက်များအား ရှင်းလင်းခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း ယာယီရဲမှူး ထွန်းထွန်းနိုင်ထံမှ သိရသည်။

နန်းထိုက် (ပြန်/ဆက်)