ရေကြည် ဇန်နဝါရီ ၁၁
ယခုအခါနွေရာသီကို ရောက်ရှိတော့မည်ဖြစ်သဖြင့် ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန့်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်သစ်တောဦးစီးဌာန ရုံးဝန်းအတွင်း၌ ရုံးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြ လေ့ကျင့် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါမီးဘေးသရုပ်ပြ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးစိုးနိုင်ဦးဆောင်၍ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ခြင်း နည်းစနစ်များကို စနစ်တကျ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)