ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ်အတွင်း မီးလောင်မှု အကြိမ်ရေ ၁၈၆ ဖြစ်ပွားခဲ့

ပုသိမ်  ဇန်နဝါရီ  ၁၁

ဧရာဝတီတိုင်းဒေသကြီး အတွင်းတွင် ၂၀၂၀ ပြည့်နှစ်ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ မီးလောင်သည့် အကြိမ်ရေ ၁၈၆ ကြိမ် ဖြစ်ပွားခဲ့ပြီး၊ မီးလောင်မှုကြောင့် ဆုံးရှံးခဲ့သည့် တန်ဖိုးငွေကျပ် ၂၇၈၁၀၈၇၀၀ ဆုံးရှုံးခဲ့ကြောင်း တိုင်း​ဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါကာလအတွင်း ပုသိမ်ခရိုင်အတွင်း၌ မီးလောင်မှု အကြိမ် ၄၆ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၁၀၁၉၀၈၂၀၀၊ ဟင်္သာတခရိုင် အတွင်း၌ မီးလောင်မှုအကြိမ် ၄၃ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၇၂၉၄၉၃၀၀၊ မြောင်းမြခရိုင် အတွင်း၌ မီးလောင်မှုအကြိမ် ၁၈ ကြိမ်ရေဖြစ်ပွားခဲ့ပြီး၊ ဆုံးရှုံးမှု တန်ဖိုးမှာငွေကျပ် ၁၁၅၉၇၅၀၀၊ မအူပင်ခရိုင်အတွင်း၌ မီးလောင်မှုအကြိမ် ၃၀ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ ဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ် ၄၈၂၅၃၃၀၀၊ ဖျာပုံခရိုင် အတွင်း၌ မီးလောင်မှုအကြိမ် ၁၉ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ ဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ် ၁၆၀၂၈၄၀၀၊ လပွတ္တာခရိုင် အတွင်း၌ မီးလောင်မှုအကြိမ် ၃၀ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ ဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ် ၂၇၃၇၂၀၀၀ ဖြစ်ကြောင်း သိရသည်။

မီးလောင်မှု အများဆုံး ဖြစ်ပွားသော ခရိုင်မှာ ပုသိမ်ခရိုင်ဖြစ်ပြီး၊ ဆုံးရှုံးမှုအများဆုံး ခရိုင်မှာလည်း ပုသိမ်ခရိုင် ဖြစ်​သည်။

မီးလောင်မှု အများဆုံးဖြစ်ပွားသောလမှာ မတ်လဖြစ်ပြီး ၃၇ ကြိမ်၊ အနည်းဆုံးလမှာ သြဂုတ်လ ၄ ကြိမ် ဖြစ်ကြောင်း တိုင်းမီးသတ် ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုကြောင့် လူ ၄ ဦးသေဆုံးပြီး၊ ၁၃ ဦး ထိခိုက်ဒါဏ်ရာရှိသည်။ မီးလောင်မှုတွင် မီးဖိုမီးကြောင့် မီးလောင်ခြင်း အများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိနေပြီး ဖြစ်သောကြောင့် မီး​ဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကြိုတင် ဆောင်ရွက်နေပြီး ဖြစ်ကြောင်း သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)