မိတ္ထီလာ မတ်လ ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ မိခင်နှင့်ကလေးစောင့်ရှောက်အသင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ကျောင်းဆင်းပွဲအခမ်းအနားကို မတ် ၆ ရက် နံနက် ၉ နာရီခွဲက ပေါက်ချောင်းရပ်ကွက်ရှိ မူလတန်းကြိုကျောင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေးက အမှာစကားပြောကြားပြီး မိခင်နှင့်ကလေးစောင့်ရှောက်အသင်းမှ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)