မြောင်းမြ ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မရမ်းကုန်းရွာသစ်(မူလွန်) ကျောင်း၊ ကျောင်းသား/ ကျောင်းသူဟောင်းများ၏ (၁၇)ကြိမ်မြောက်၊ မြတ်ဆရာပူဇော် ကန်တော့ပွဲကို ယမန်နေ့၊ ညနေ(၃)နာရီ က ပြုလုပ်ခဲ့ကြောင်း သိရသည်။
မရမ်းကုန်းရွာသစ်(မူလွန်)ကျောင်း၏ မြတ်ဆရာ ပူဇော်ကန်တော့ပွဲ ကျင်းပရေး ကော်မတီအနေဖြင့် အခမ်းအနားကို နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ်တွင် ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားနေသောကြောင့် မြို့ပေါ်ရှိ ဆရာ/ ဆရာမကြီးများအား အိမ်အရောက်လိုက်လံ ပူဇော် ကန်တော့ ရခြင်းဖြစ်ပါသည်။
ထိုသို့လိုက်လံကန်တော့ခြင်း ဆောင်ရွက်ရာတွင် အသက်(၆၀)နှစ်နှင့်အထက် ဆရာကြီး/ဆရာမကြီး(၁၀)ဦးရှိရာ မြို့ပေါ်ရှိ ဆရာကြီး/ဆရာမကြီး(၈)ဦးနှင့် အဝေးရောက် ဆရာကြီး/ ဆရာမကြီး(၂)ဦးရှိကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများအား (၁)ဦးလျှင် ကန်တော့ငွေ (၈ဝဝဝဝိ/−)ကျပ်ဖြင့် ကန်တော့ခဲ့ကြပြီး အဝေးရောက် ဆရာကြီး/ဆရာမကြီး (၂)ဦး အား Wave Money ဖြင့်လွှဲပို့ပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်းသိရပါသည်။
ဇေဇေမောင်(ပြန်/ဆက်)