မန္တလေး မတ် ၇
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခြေခံပညာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ယင်းပန်းချီသင်တန်းကို ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်နေ့မှ မတ်လ ၇ ရက် နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သူ ၂၈ ဦး တက်ရောက်ခဲ့ရာ သင်တန်းပြီးဆုံးချိန်တွင် ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)