မလှိုင်မြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၂၃၄၃ ဦးဝင်ရောက်ဖြေဆိုမည်

မလှိုင်  မတ်  ၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနငါးခုတို့တွင် ကျောင်းသား၊ ကျောင်းသူ ၂၃၄၃ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

မလှိုင်မြို့နယ်အနေဖြင့် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနငါးခုဖွင့်လှစ်၍ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ အ.ထ.က(မလှိုင်)စာစစ်ဌာနတွင် ကျောင်းတွင်းဝင်ရောက်ဖြေဆိုမည့်သူ (၁၀၄၉)ဦးနှင့် ကျောင်းပြင်ပမှဖြေဆိုမည့်သူ (၂၂)ဦး၊ စုစုပေါင်း(၁၀၇၁)ဦး၊ အ.ထ.က(မြို့သစ်) စာစစ်ဌာနတွင် ကျောင်းတွင်းဝင်ရောက်ဖြေဆိုမည့်သူ (၄၆၀)နှင့် ကျောင်းပြင်ပမှဖြေဆိုမည့်သူ (၁၂၂)ဦး၊ စုစုပေါင်း(၅၈၂)ဦး၊ အ.ထ.က(နှောကန်)စာစစ်ဌာနတွင် ကျောင်းတွင်းဝင်ရောက် ဖြေဆိုမည့်သူ (၁၂၆)ဦးနှင့် ကျောင်းပြင်ပမှဖြေဆိုမည့်သူ (၂၄)ဦး၊ စုစုပေါင်း(၁၅၀)၊ အ.ထ.က (ဆည်တို)စာစစ်ဌာနတွင် ကျောင်းတွင်းဝင်ရောက်ဖြေဆိုမည့်သူ (၂၂၃)ဦးနှင့် ကျောင်းပြင်ပမှ ဖြေဆိုမည့်သူ (၁၆၇)ဦး၊ စုစုပေါင်း(၃၉၀)၊ အ.ထ.က(ပန်းအိုင်)စာစစ်ဌာနတွင် ကျောင်းတွင်း ဝင်ရောက်ဖြေဆိုမည့်သူ  (၁၄၃)ဦးနှင့် ကျောင်းပြင်ပမှဖြေဆိုမည့်သူ (၇)ဦး၊ စုစုပေါင်း(၁၅၀)  တို့ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း မလှိုင်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မလှိုင်(ပြန်/ဆက်)