မြင်းခြံမြို့၌ နွေရာသီ အခြေခံအင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်

မြင်းခြံ မတ် ၉

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရပ်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးနိုင်ရေးအတွက် အခြေခံအင်္ဂလိပ်စာသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်သင်ကြားသည်။

သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် သင်တန်းဆရာမဒေါ်ဆွေဇင်ဦးက ယခုသင်တန်းတွင် လာရောက်သင်ကြားကြသည့် ကျောင်းသားလူငယ်များအနေဖြင့် အခြေခံအင်္ဂလိပ်စာကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြရန်၊ အခြေခံအင်္ဂလိပ်စာ ကျွမ်းကျင်ပိုင်နိုင်ပါက ကျောင်းစာတွင်သာမက နောင်တစ်ချိန်တွင် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်သည်အထိ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြေကြားသည်။ အဆိုပါသင်တန်းတွင် အခြေခံအင်္ဂလိပ်သဒ္ဒါရေးသားနည်းနှင့် ဝေါဟာရ၊ စကားစုများ စသည်တို့ကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား (၃၃)ဦး တက်ရောက်သင်ကြားကာ သင်တန်းကာလကို (၅) ရက်ကြာ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။        

ချစ်ဦးနွေ(မြင်းခြံ)