တောင်သာမြို့၌ ခေါင်းဆောင်ကောင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

တောင်သာ မတ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန   မန္တလေးတိုင်းဒေသကြီး    မြင်းခြံခရိုင် တောင်သာမြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မတ် ရက် နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တောင်သာမြို့နယ်ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ) ခေါင်းဆောင်ကောင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲဝင်းအောင်က စာပေ ဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)အား အထူးကျေးဇူးတင်ပါကြောင်း ဆွေးနွေးသည်။

အဆိုပါ  စာဖတ်ဝိုင်းတွင် စာပေမြတ်နိုးသူများအဖွဲ့(Book Club)အဖွဲ့ဝင်များမှ စာရေးဆရာချစ်နိုင်(စိတ်ပညာ)  ခေါင်းဆောင်ကောင်း စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ရာ တာဝန်သိခြင်းသည် ကိုယ်ကျင့်၊ တာဝန်ယူခြင်းသည် သတ္တိ၊ တာဝန်ထမ်းဆောင်နိုင်ခြင်းသည် စွမ်းရည်၊ နောင်လာနောင်သား လူငယ်များအတွက် မိမိတို့၏ လက်ရှိဘဝအခြေအနေထက် ပိုမိုတိုးတက်ကောင်းမွန်အောင် အသိအမြင်၊ အတွေးအခေါ်၊ ဉာဏ်ပညာအမွေများ မျှဝေနေရပေမည်။ ခေါင်းဆောင်ကောင်းများ နေရာအနှံအပြားမှာ လိုအပ်ပါသည်။ ထူးချွန်သော ခေါင်းဆောင်ကောင်းများ နယ်ပယ်အများအပြားဝယ်လိုအပ်နေပါသည် စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)