ညောင်ဦး မတ် ၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်းပိက်ရက် ကျောင်းသားကျောင်းသူများအချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရန် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံအင်္ဂလိပ်စာ၊ ပန်းချီသင်တန်း၊စစ်တုရင်သင်တန်းဖွင့်ပွဲအခမ်းအနားကို မတ် ၉ ရက် နံနက် ၉ နာရီခွဲအချိန်ကကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ရည်မွန်သူက နွေရာသီကျောင်းပိတ်ရက်သင်တန်းများဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားပြီး မြို့နယ်စစ်တုရင်ဆပ်ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်လင်းက စစ်တုရင် ကစားခြင်းဖြင့်ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ခြင်း၊ သင်္ချာစွမ်းရည်ထက်မြတ်စေခြင်းနှင့် အယ်ဇိုင်းမားရောဂါမဖြစ်စေခြင်း အကျိုးကျေးဇူးများ အားရှင်းလင်းပြောကြားကာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဒေါ်မာမာထွန်းက ပူးပေါင်းကျင်းပရခြင်းရည်ရွယ်ချက်များအား ပြောကြားသည်။
အဆိုပါ သင်တန်းသို့ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသားကျောင်းသူများ တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာ(၂)လကြာသင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။
ဒီပါလင်း