မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ရောင်း‌ချ‌

မြစ်သား မတ် ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင် မြို့မအနောက်ရပ်ကွက်ရှိ စည်ပင်သာယာဈေးအဝင်ပေါက်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ပြည်သူ့သက်သာဈေးရောင်းချခြင်းကို မတ် ၉ ရက် နံနက် ၇ နာရီက ရောင်းချပေးသည်။

ပြည်သူ့သက်သာဈေးရောင်းချရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ အခြေခံစားသောက်ကုန်ရောင်းချသည့်လုပ်ငန်းရှင်များသည် ပြင်ပပေါက်ဈေး ထက်ဈေးနှုန်းချိုသာစွာရောင်းချပေးရာ ဒေသခံပြည်သူများမှ လာရောက်ဝယ်ယူသည်။

အဆိုပါဈေးရောင်းချရာသို့ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)