တောင်သာမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်စာစစ်ဌာနများ  ကြိုတင်ပြင်ဆင်ထားရှိ

တောင်သာ မတ် ၉

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန် စာစစ်ဌာနများအား မတ် ၉ ရက်က မြို့နယ်မှတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများက စာစစ်ဌာနများကို လိုက်လံကြည့်ရှုစစ်ဆေးရာ မြို့နယ်ပညာရေးမှူး ဒေါ်မြမြဆွေနှင့် သက်ဆိုင်ရာစာစစ်ဌာနတာဝန်ရှိသူများက စာမေးပွဲဖြေဆိုခန်းများကို လိုက်လံပြသပြီး ကျန်းမာရေးဆိုင်ရာများ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးသည်။

တောင်သာမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၄ ခုဖြင့် ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ ၆၇၅ ဦးရှိ ကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)