ပြင်ဦးလွင် မတ် ၉
နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် Soft Skill သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီက ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းနည်းပြအဖြစ် ဦးအောင်မျိုးပိုင်( Human Resource Management Consultant)က Soft Skillနှင့် ပတ်သက်သောအကြောင်းအရာများ၊ Communication Skillsနှင့် ခေါင်းဆောင်တစ်ယောက်တွင် ရှိရမည့်အရည်အချင်းများ အစရှိသည်တို့ကို သင်ကြားပို့ချသွားမည် ဖြစ်သည်။ အဆိုပါ Soft Skillသင်တန်းအား မြို့နယ်အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၁)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး မတ် ၉ ရက်မှ ၁၃ ရက်အထိ ငါးရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရ သည်။
သွေးသွေး (ခရိုင် ပြန်/ဆက်)