မဟာအောင်မြေမြို့နယ်၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့်စာစစ်ဌာနသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ လာရောက်ကြည့်ရှုစစ်ဆေး

မဟာအောင်မြေ မတ် ၉

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချူပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်​ကြီးများနှင့်အဖွဲ့ဝင်များသည် မဟာအောင်မြေမြို့နယ်၌၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများသို့ ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုစစ်ဆေးသည်။

တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့်အဖွဲ့ဝင်များသည် အမှတ်(၂) အ.ထ.က(ခွဲ)ကျောင်းမှ ကြီးကြပ်ရေးမှူးဒေါ်သက်ရည်ဝင်းနှင့်ဆရာ ဆရာမများအား  စာစစ်ဌာနအတွင်ဲး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာဖြေခန်း(၁၂)ခန်းတို့အား လှည့်လည်ကြည့်ရှု၍ လုံခြုံရေးနှင့်စာဖြေကျောင်းသား၊သူများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် စာဖြေခန်းများအတွင်းအလင်းရောင်ရရှိရေး၊ လေဝင်လေထွက်ကောင်းမွန်စွာရရှိရေး၊ ကျောင်းဝန်းအတွင်း/အပြင် သန့်ရှင်းမှုရှိစေရေးနှင့်လိုအပ်သည်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်မှာကြားသည်။

မဟာအောင်မြေမြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန ၅ ခုဖြင့် ဖြေဆိုသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ဇော်မင်း