ပင်လောင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် တင်ဒါလုပ်ငန်းများ ချပြရှင်းလင်းခြင်း အခမ်းအနား ကျင်းပ

ပင်လောင်း   ဇန်နဝါရီ    ၁၁         

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် တင်ဒါလုပ်ငန်းများ ချပြရှင်းလင်း ခြင်း အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ပင်လောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ‌ယနေ့ နံနက်ပိုင်း က ပြုလုပ်သည်။

အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှဆန်းက တင်ဒါလုပ်ငန်းများရရှိသည့် ကုမ္ပဏီများမှ ကျေးလက် ဒေသများ၌ ဆောင်ရွက်မည့် လုပ်ငန်းများကို ကိုယ်ကျိုးအတွက် ဦးစားမပေးဘဲ ပြည်သူလူထုများအတွက် ရေရှည်အသုံးပြု နိုင်ရန် စေတနာဖြင့်လုပ်ငန်းအား စံချိန်စံညွှန်း ပြည့်မီမှုရှိစေရေး ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး  ဦးဇော်ဝင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် တင်ဒါလုပ်ငန်းများနှင့် တင်ဒါအောင်သည့် ကုမ္ပဏီများကလည်း ကိုဗစ်-၁၉ ကာလဖြစ်သည့် အတွက် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်နှင့်အညီ စည်းကမ်းတကျ လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပင်လောင်းမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများ မှ ပြည်ထောင်စု ရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း၊ တံတား ငါးခု၊ ရေပေးဝေရေး ခြောက်ခု၊ ပြည်နယ်ရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း၊ တံတား ငါးခု၊ ရေပေး ဝေရေး ၁၂ ခု စုစုပေါင်းလုပ်ငန်း (၂၈)ခုကို တင်ဒါအောင်ကုမ္ပဏီ ကိုးခုက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။           

ခွန်အာကာစိုး (ပင်လောင်း)