ဖျာပုံ ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ဆေးပစ္စည်းအရောင်းဆိုင်များအား၊ စျေးနှုန်းမှန်ကန်မှုရှိစေရေး လိုက်လံစိစစ် ဆောင်ရွက်ခြင်းကို ဖျာပုံခရိုင် စားသုံးသူရေးရာ ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲတို့ ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီ အချိန်က မြို့ပေါ်ဆေးအရောင်းဆိုင်းများအား လိုက်လံစိစစ် ဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ စိစစ်ရာတွင် ဖျာပုံခရိုင် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သော စိစစ်ရေးအဖွဲ့မှ ဖျာပုံမြို့နယ် ပထမလမ်းနှင့် ဒုတိယလမ်းရှိ ဆေးအရောင်းဆိုင်များတွင် ဆေးဝါးများ Mask, Face Shield, Hand Gel များ၊ ကျန်းမာရေးဆိုင်ရာ တစ်ကိုယ်ရည်သုံး ပစ္စည်များအား စျေးနှုန်းမှန်ကန်စေရေးနှင့် စျေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရေးအတွက် လိုက်လံစိစစ် ဆောင်ရွက်ကြကြောင်း သိရသည်။
အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)