မံစီ၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေး ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းပေးနိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများကို တာဝန်ပေးအပ်

မံစီ  ဇန်နဝါရီ  ၁၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေး ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းပေးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်အဆင့် ဌာနဆိုင်ရာများကို တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကို အဖွဲ့(၅)ဖွဲ့ခွဲ၍ တာဝန်ပေးအပ်ခဲ့ကြောင်း၊ တာဝန်ပေးအပ်ခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေးကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်း တာဝန်ပေးအပ်ခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့၏ တာဝန်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ရိန်(ပြန်/ဆက်)